International News

တောင်အာဖရိကနိုင်ငံသည် ကြက်သားတင်သွင်းမှုအပေါ် တန်ပြန်စုပုံတင်သွင်းမှုအခွန် ထပ်မံကောက် ခံရန်ပြင်ဆင်နေခြင်း

Last Updated:

တောင်အာဖရိကနိုင်ငံသည် ဘရာဇီးလ်နိုင်ငံနှင့် ဉရောပအဖွဲ့ဝင်နိုင်ငံများဖြစ်သော ဒိန်းမတ်၊ အိုင်ယာလန်၊ ပိုလန်နှင့် စပိန်နိုင်ငံတို့မှတင်သွင်းသော ကြက်သားများအပေါ် စုပုံ တင်သွင်းမှုအပေါ် တန်ပြန်ကောက်ခံသည့်အခွန်အား ကောက်ခံရန် ကြေညာခဲ့ကြောင်း၊ အဆိုပါနိုင်ငံများမှ ကြက်သားများစွာတင်သွင်းမှုသည် ပြည်တွင်းကြက်သား ထုတ်လုပ်မှုအတွက် အဓိကခြိမ်းခြောက်မှုလည်း ဖြစ်ခဲ့သောကြောင့် ဖြစ်ကြောင်းသိရှိရပါသည်။

စုပုံတင်သွင်းမှုအပေါ် တန်ပြန်ကောက်ခံသည့် ယခင်ကသတ်မှတ်ကောက်ခံမှုအခွန်သည် ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ပြီးဆုံးမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုစီမံခန့်ခွဲရေးကော်မရှင်က အဆိုပါ ၅ နိုင်ငံအား ထပ်မံတန်ပြန်အခွန်ကောက်ခံနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေမှုသည် မကြာခင်ကာလတွင်ပြီးဆုံးမည်ဖြစ် ကြောင်း၊ တောင်အာဖရိကနိုင်ငံသည် တစ်နှစ်ပတ်လုံး ကြက်သားတင်သွင်းမှုတန်ချိန်ပေါင်း ၃၂၈,၀၀၀ တန်မှ ဘရာဇီးလ်နိုင်ငံအပေါ် ၆၇ ရာခိုင်နှုန်း၊ အမေရိကန်နိုင်ငံအပေါ် ၁၆ ရာခိုင်နှုန်း၊ EU အပေါ် ၈.၃ ရာခိုင်နှုန်းနှင့် အာဂျင်တီးနားအပေါ် ၅ ရာခိုင် နှုန်းအသီးသီးကောက်ခံခဲ့ကြောင်း သိရှိရပါသည်။

 

 

 

တောင်အာဖရိကနိုင်ငံအစိုးရသည် ၂၀၂၀ ပြည့်နှစ်တွင်း အကောက်ခွန်ကောက်ခံမှုကို အရိုးပါအေးခဲကြက်သားအား  ၃၇ ရာခိုင်နှုန်းမှ ၆၂ ရာခိုင်နှုန်းနှင့် အရိုးမပါအေးခဲ ကြက်သားအား ၁၂ ရာခိုင်နှုန်းမှ ၄၂ ရာခိုင်နှုန်းကောက်ခံခဲ့ကြောင်း၊ သို့သော် ဘရာဇီးလ်နိုင်ငံ၏ ကြက်သားတင်သွင်းမှုအတွက် အကောက်ခွန် ၆ ရာခိုင်နှုန်းမှ ၂၆၅ ရာခိုင် နှုန်း၊ ဒိန်းမတ်နိုင်ငံအတွက် ၃၉ ရာခိုင်နှုန်းမှ ၆၇.၄ ရာခိုင်နှုန်း၊ အိုင်ယာလန်နိုင်ငံအတွက် ၁၅၈.၄၂ ရာခိုင်နှုန်း၊ ပိုလန်နိုင်ငံအတွက် ၅ ရာခိုင်နှုန်းမှ ၉၆.၉ ရာခိုင်နှုန်းနှင့် စပိန် နိုင်ငံအတွက် ၃ ရာခိုင်နှုန်းမှ ၈၅.၈ ရာခိုင်နှုန်းခွဲခြားကောက်ခံခဲ့ကြောင်း၊ တောင်အာဖရိကနိုင်ငံ ကြက်သားလုပ်ငန်းအဖွဲ့အစည်းက အဆိုပါနိုင်ငံများမှ အရိုးပါကြက်သား တင်သွင်းမှုသည် ပြီးခဲ့သောနှစ်များအတွင်း တင်သွင်းမှုစုစုပေါင်း၏ ထက်ဝက်ကျော်ရှိခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါနိုင်ငံများအတွက် စုပုံတင်သွင်းမှုအခွန်ကောက်ခံရန် စုံစမ်းစစ်ဆေးဆောင်ရွက်ရန်လိုအပ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

တောင်အာဖရိကနိုင်ငံအစိုးရအနေဖြင့် မညီမျှမှုနှင့် တရားမဝင်တင်သွင်းမှုများကိုကာကွယ်ရန် ကြက်ငှက်မွေးမြူရေးလုပ်ငန်း master plan တွင် ကတိကဝတ်ပြုထား ကြောင်း၊ ထို့သို့ဆောင်ရွက်မှသာ ကြက်ငှက်လုပ်ငန်းနှင့် ကြက်သားတင်သွင်းသူများအနေဖြင့် ပြည်ပမှ ကြက်သား လျော့နည်းစွာတင်သွင်း၍ ပြည်တွင်းလုပ်ငန်းချဲ့ထွင်နိုင် ရန်နှင့် ပြည်ပဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ရန် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။    

 

(မြန်မာစီးပွားရေးသံမှူး၊ ပရီတိုးရီးယားမြို့)                                                                                              

Source:           http://www.fruitnet.com/eurofruit/article/187257/anxious-times-for-rsa-citrus

Category: International News